နွေဦးချိန်ခါ
တစ်ကြော့ပြန်ကာ
ရောက်လာလေတော့
ရွက်ဟောင်းကြွေလို့
ရွက်သစ်ဝေဆာ
ဤတန်ခူးသည်သာ
မြန်မာတို့၏ချစ်စရာ့အချိန်အခါ...။
နှစ်ဟောင်းကုန်လို့
နှစ်သစ်ကြိုဆို
ဦးဦးကိုကို
ဒေါ်ဒေါ်မမ
ကလေးပါမကျန်
အကုန်ပျော်ကြ
ဤသင်္ကြန်ကား
မြန်မာတို့၏ အနှိုင်းမဲ့အလှ...။
ဝမ်းသာပီတိ
ဂွမ်းဆီထိနှယ်
ရဲရဲဝင့်ဝင့်
ပွင့်လာကုန်သည့်
ရွှေဝါရောင်သန်း
ဤပိတောက်ပန်းလဲ
ငါတို့နှင့်အတူ
ပါဝင်ဆင်နွှဲ
ဤအတာပွဲ...။
ဤတန်ခူး
ဤပိတောက်
ဤအတာရယ်
သုံးရောင်စီခြယ်
လှနိုင်ပါပေ့
လှပါပေ့
မြန်မာတို့၏ဓလေ့...။
ညစ်ထေးဤစိတ်
အတာရေဖြင့်
ဆေးကြောစင်ကြယ်
သတ္တ၀ါအများ
ကိုယ်စိတ်နှစ်ပါး
ချမ်းသာစွာဖြင့်
မင်္ဂလာအပေါင်းခညောင်းစေသော
နှစ်သစ်ကိုသာပိုင်ဆိုင်စေကြောင်း
ဤနေရာမှဆုမွန်ကောင်း
တောင်းဆုခြွေပါ၏...။
မှတ်ချက်။ ။ သထုံအရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ) ဆရာတော်၏ မြစိမ်းကျောင်းတိုက်၌ သင်္ကြန်တွင်းတရားစခန်းဝင်စဉ် ရေးခဲ့သောကဗျာလေးဖြစ်ပါသည်။
Thursday, April 17, 2008
မြန်မာ့တို့၏ချစ်စရာ့ရိုးရာ (သို့) သင်္ကြန်
Posted by Claire Chan Myae Thu at 8:16 AM 2 comments
Labels: ကဗျာ
Subscribe to:
Posts (Atom)