လောကဓံလေပြင်း တိုက်ခတ်ဆင်းလို့
ပြိုကွဲအိပ်မက် တွေ့ကြုံနေလည်း
မုန်တိုင်းများနှင့် ယှဉ်ကာတွဲလျက်
ပြန်သန်းခဲ့သည်။
ထိုငှက်ငယ်သည်။
ငါ၏စိတ်တည်း။
လမ်းတို့ပျောက်ကာ ကြင်သူမရှိ
အထီးကျန်ဘိလည်း
တစ်ကောင်တည်းအားတင်း
ဒုန်းစိုင်းနင်း၍
ပြန်သန်းနေမည် ငါ၏ငှက်သည်။
ခရီးဝေးလည်း မမောပန်းညား
ဘ၀ဆိုသည့် လှိုင်းကြမ်းတံပိုးအား ငါဖောက်ထိုးလို့
ပြန်သန်းအုံးမည်။
ငါယုံကြည်ရာ ထိုအိပ်မက်များ ရှိရာဆီသို့...
ချမ်းချမ်း
Monday, January 5, 2009
ငါ၏ငှက်ငယ်
Posted by Claire Chan Myae Thu at 2:46 AM 2 comments
Labels: ကဗျာ
Sunday, June 15, 2008
ထာဝရ အဖော်မွန်
လောကဓံရယ်
ဘယ်သူကများ မာယာတွေ
ဖန်ဆင်းပေးခဲ့ပါရဲ့
ဟန်ဆောင်မှုအလျဉ်းမရှိ
ရိုးသားခြင်းအတိဖုန်းနွှမ်းခဲ့တဲ့
ငါ့မျက်ဝန်းတွေတောင်
မုသားတွေနဲ့ပြည့်နှပ်လို့...
တည်မြဲခြင်းမရှိတဲ့
လောကနိယာမတွေကြား
ငါရှင်သန်ပါများတော့လည်း
ဘယ်လောက်ဆုံးရှုံးပါစေ
ငါ့နှုတ်ခမ်းတွေ ပြုံးနေတက်ခဲ့ပြီ...
ဘ၀နဲ့ချစ်ခြင်း
လွန်ဆွဲချိန်တိုင်း
ကြေမွခဲ့တဲ့ငါ့နှလုံးသားကိုလဲ
ငါကိုယ်တိုင်မြေမြုပ်လို့
တစ်ဖန်ပြန်အသက်သွင်းဖို့
မကြိုးစားတော့ပါဘူး...
စိတ်ကူးနဲ့လက်တွေ့
ဝေးကွားလွန်းလှတဲ့ ငါ့ကမ္ဘာထဲ
လောကဓံရယ်...
အတိတ်တွေကိုအံတု
အနာဂတ်ဆိုတဲ့အရာကိုစိန်ခေါ်ရဲတဲ့
လက်ရှိပစ္စုပန်ကိုသာ
တစ်ခုတည်းသော အဖော်မွန်ကောင်းအဖြစ်
ထာဝရနှင်းအပ်ပေးပါ...
ချမ်းချမ်း
Posted by Claire Chan Myae Thu at 8:40 PM 1 comments
Labels: ကဗျာ
Thursday, April 17, 2008
မြန်မာ့တို့၏ချစ်စရာ့ရိုးရာ (သို့) သင်္ကြန်
နွေဦးချိန်ခါ
တစ်ကြော့ပြန်ကာ
ရောက်လာလေတော့
ရွက်ဟောင်းကြွေလို့
ရွက်သစ်ဝေဆာ
ဤတန်ခူးသည်သာ
မြန်မာတို့၏ချစ်စရာ့အချိန်အခါ...။
နှစ်ဟောင်းကုန်လို့
နှစ်သစ်ကြိုဆို
ဦးဦးကိုကို
ဒေါ်ဒေါ်မမ
ကလေးပါမကျန်
အကုန်ပျော်ကြ
ဤသင်္ကြန်ကား
မြန်မာတို့၏ အနှိုင်းမဲ့အလှ...။
ဝမ်းသာပီတိ
ဂွမ်းဆီထိနှယ်
ရဲရဲဝင့်ဝင့်
ပွင့်လာကုန်သည့်
ရွှေဝါရောင်သန်း
ဤပိတောက်ပန်းလဲ
ငါတို့နှင့်အတူ
ပါဝင်ဆင်နွှဲ
ဤအတာပွဲ...။
ဤတန်ခူး
ဤပိတောက်
ဤအတာရယ်
သုံးရောင်စီခြယ်
လှနိုင်ပါပေ့
လှပါပေ့
မြန်မာတို့၏ဓလေ့...။
ညစ်ထေးဤစိတ်
အတာရေဖြင့်
ဆေးကြောစင်ကြယ်
သတ္တ၀ါအများ
ကိုယ်စိတ်နှစ်ပါး
ချမ်းသာစွာဖြင့်
မင်္ဂလာအပေါင်းခညောင်းစေသော
နှစ်သစ်ကိုသာပိုင်ဆိုင်စေကြောင်း
ဤနေရာမှဆုမွန်ကောင်း
တောင်းဆုခြွေပါ၏...။
မှတ်ချက်။ ။ သထုံအရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ) ဆရာတော်၏ မြစိမ်းကျောင်းတိုက်၌ သင်္ကြန်တွင်းတရားစခန်းဝင်စဉ် ရေးခဲ့သောကဗျာလေးဖြစ်ပါသည်။
Posted by Claire Chan Myae Thu at 8:16 AM 2 comments
Labels: ကဗျာ
Wednesday, February 27, 2008
ပြေပါစေ...

နင်နဲ့ငါ....ကျောင်းတော်ကရန်စလဲမရှိ
နင်နဲ့ငါ....အတိတ်ကဇာတ်လမ်းဟောင်းလဲမရှိ
နင်နဲ့ငါ....ဘ၀အဆက်ဆက်မပြေနိုင်တဲ့အငြိုးအတေးလဲမရှိ
စကားသံတွေနဲ့ခင်တွယ်မှုအသစ်မှာ
ယစ်မူးပျှော်ရွှင်မိတာ..နာရီတောင်မသိ
အထင်တကြီးမာနသံတွေနဲ့..
ရက်စက်ရှောင်ပုန်းတဲ့ရက်
မချိအပြုံးနာကျင်မှုအပြည့်
နင့်ကိုမေ့ဘို့စိတ်ကူးဖူးတယ်..
လက်ဝဲသုန္ဒရ ရတုရေးလျှောက်
မျက်မာန်ပျောက်စေခဲ့
မမြကလေးလည်းသီကုံးဆိုဖွဲ့
မင်းကနောင်စိတ်ကိုညှို့ယူခဲ့
လှောင်ပြုံးတော့မပြုံးလိုက်ပါနဲ့
ပြောင်းလဲချင်သူအတွက်
သေရာပါအရှုံးနဲ့
အယူခံဝင်ကဗျာတစ်ပုဒ်
ငါရေးခဲ့မယ်...
ငါ့နှလုံးသားရဲ့လွမ်းချင်းမို့
နင်အမျက်တင်ခဲ့ရင်
ပြေပါ....
<3 chan chan
Friday, February 22, 2008
မင်းအတွက် (သို့) ၂၀၀၅ ခုနှစ်နေ့ရက်များဆီသို့
ာ
ရင်းနှီးခဲ့ကြရတာ
ပုံပြင်တစ်ပုဒ်မဟုတ်ပေမယ့်
ကံဇာတ်ဆရာအလိုကျ
ခွဲကြရတာလည်းမဟုတ်ပြန်ဘူး
ဖန်တီးလိုက်ရတဲ့ နာကျင်မှု
အတိုင်းအဆမဲ့ဝေးကွာမှုတွေက
နင့်အလိုကျပျှော်ရွှင်အောင်ပါ...
ဂရုတစိုက်စေတနာတွေနဲ့
တွယ်မိတဲ့သံယောဇဉ်ကို
ဘာသာပြန်လွှဲလို့
နင်မာန်တက်နေပေမယ့်
ဖြေရှင်းချက်မဲ့စွာ နှုတ်စိတ်ခဲ့တာ
နင့်စိတ်အလိုကျပျှော်ရွှင်အောင်ပါ...
ခိုင်မြဲအောင်ချည်နှောင်ပြီးမှ
အဝေးဆုံးကို ပစ်လွှတ်လိုက်တဲ့
ကြိုးကွင်းတစ်ခုရဲ့နောက်ကွယ်မှာ
နာကျင်စွာပြုံးနေခဲ့တာ
နင့်စိတ်အလိုကျပျှော်ရွှင်အောင်ပါ....
<3 chanchan
Posted by Claire Chan Myae Thu at 8:24 PM 1 comments
Labels: ကဗျာ
