လောကဓံလေပြင်း တိုက်ခတ်ဆင်းလို့
ပြိုကွဲအိပ်မက် တွေ့ကြုံနေလည်း
မုန်တိုင်းများနှင့် ယှဉ်ကာတွဲလျက်
ပြန်သန်းခဲ့သည်။
ထိုငှက်ငယ်သည်။
ငါ၏စိတ်တည်း။
လမ်းတို့ပျောက်ကာ ကြင်သူမရှိ
အထီးကျန်ဘိလည်း
တစ်ကောင်တည်းအားတင်း
ဒုန်းစိုင်းနင်း၍
ပြန်သန်းနေမည် ငါ၏ငှက်သည်။
ခရီးဝေးလည်း မမောပန်းညား
ဘ၀ဆိုသည့် လှိုင်းကြမ်းတံပိုးအား ငါဖောက်ထိုးလို့
ပြန်သန်းအုံးမည်။
ငါယုံကြည်ရာ ထိုအိပ်မက်များ ရှိရာဆီသို့...
ချမ်းချမ်း
Monday, January 5, 2009
ငါ၏ငှက်ငယ်
Posted by Claire Chan Myae Thu at 2:46 AM 2 comments
Labels: ကဗျာ
Subscribe to:
Posts (Atom)