လှိုင်သာယာ စက်မှုဇုံ အမှတ် (၄) အနီးရှိ ရေအုတ်ကန်ရွာတွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ အိမ်ခြေ ၂ဝဝ ကျော် ပျက်စီးပြီး လူဦးရေ ၃ ထောင်ခန့် အိုးအိမ်မဲ့ ဖြစ်သွားခဲ့ပါသည်။ထို့သို့သောဒုက္ခရောက်နေသူများကိုကျွန်မတို့
တက်နိုင်သည့်ဘက်မှကူညီနိုင်ရန်စီစဉ်ထားပါသည်။
၂ရက်၃လ၂၀၀၈ခုနှစ်လာမည့်တနင်္ဂနွေနေ့ညနေ၃နာရီအချိန်မှစပြီးဒုက္ခသည်များအားထမင်းထုပ်၊အင်္ကျီ၊အလှူငွေအစရှိသည့်အရာများ
လှူဒန်းသွားမည်ဖြစ်ပါသဖြင့်လှူဒန်းချင်လိုသောဆန္ဒရှိသူများအောက်ပါဖုန်းနံပါတ်များအားဆက်သွယ်နိုင်ပါသည်..
လင်းကို-၀၉၅၁၃၃၂၆၉
မဇာ-၀၉၂၂၈၅၇၂
ကိုနေလင်းအောင်-၀၉၅၁၆၁၇၁၉
ချမ်းမြေ့-၀၉၅၁၆၂၃၆၅
To the world you might be one person,but to one person you might be the world..............
Friday, February 29, 2008
မီးဘေးကြောင့်အိုးမဲ့အိမ်မဲ့ဖြစ်နေသူများအတွက်
Posted by Claire Chan Myae Thu at 2:55 AM 0 comments
Labels: News
Wednesday, February 27, 2008
ပြေပါစေ...

နင်နဲ့ငါ....ကျောင်းတော်ကရန်စလဲမရှိ
နင်နဲ့ငါ....အတိတ်ကဇာတ်လမ်းဟောင်းလဲမရှိ
နင်နဲ့ငါ....ဘ၀အဆက်ဆက်မပြေနိုင်တဲ့အငြိုးအတေးလဲမရှိ
စကားသံတွေနဲ့ခင်တွယ်မှုအသစ်မှာ
ယစ်မူးပျှော်ရွှင်မိတာ..နာရီတောင်မသိ
အထင်တကြီးမာနသံတွေနဲ့..
ရက်စက်ရှောင်ပုန်းတဲ့ရက်
မချိအပြုံးနာကျင်မှုအပြည့်
နင့်ကိုမေ့ဘို့စိတ်ကူးဖူးတယ်..
လက်ဝဲသုန္ဒရ ရတုရေးလျှောက်
မျက်မာန်ပျောက်စေခဲ့
မမြကလေးလည်းသီကုံးဆိုဖွဲ့
မင်းကနောင်စိတ်ကိုညှို့ယူခဲ့
လှောင်ပြုံးတော့မပြုံးလိုက်ပါနဲ့
ပြောင်းလဲချင်သူအတွက်
သေရာပါအရှုံးနဲ့
အယူခံဝင်ကဗျာတစ်ပုဒ်
ငါရေးခဲ့မယ်...
ငါ့နှလုံးသားရဲ့လွမ်းချင်းမို့
နင်အမျက်တင်ခဲ့ရင်
ပြေပါ....
<3 chan chan
Friday, February 22, 2008
မင်းအတွက် (သို့) ၂၀၀၅ ခုနှစ်နေ့ရက်များဆီသို့
ာ
ရင်းနှီးခဲ့ကြရတာ
ပုံပြင်တစ်ပုဒ်မဟုတ်ပေမယ့်
ကံဇာတ်ဆရာအလိုကျ
ခွဲကြရတာလည်းမဟုတ်ပြန်ဘူး
ဖန်တီးလိုက်ရတဲ့ နာကျင်မှု
အတိုင်းအဆမဲ့ဝေးကွာမှုတွေက
နင့်အလိုကျပျှော်ရွှင်အောင်ပါ...
ဂရုတစိုက်စေတနာတွေနဲ့
တွယ်မိတဲ့သံယောဇဉ်ကို
ဘာသာပြန်လွှဲလို့
နင်မာန်တက်နေပေမယ့်
ဖြေရှင်းချက်မဲ့စွာ နှုတ်စိတ်ခဲ့တာ
နင့်စိတ်အလိုကျပျှော်ရွှင်အောင်ပါ...
ခိုင်မြဲအောင်ချည်နှောင်ပြီးမှ
အဝေးဆုံးကို ပစ်လွှတ်လိုက်တဲ့
ကြိုးကွင်းတစ်ခုရဲ့နောက်ကွယ်မှာ
နာကျင်စွာပြုံးနေခဲ့တာ
နင့်စိတ်အလိုကျပျှော်ရွှင်အောင်ပါ....
<3 chanchan
Posted by Claire Chan Myae Thu at 8:24 PM 1 comments
Labels: ကဗျာ
