Friday, February 22, 2008

မင်းအတွက် (သို့) ၂၀၀၅ ခုနှစ်နေ့ရက်များဆီသို့

ရင်းနှီးခဲ့ကြရတာ
ပုံပြင်တစ်ပုဒ်မဟုတ်ပေမယ့်
ကံဇာတ်ဆရာအလိုကျ
ခွဲကြရတာလည်းမဟုတ်ပြန်ဘူး
ဖန်တီးလိုက်ရတဲ့ နာကျင်မှု
အတိုင်းအဆမဲ့ဝေးကွာမှုတွေက
နင့်အလိုကျပျှော်ရွှင်အောင်ပါ...

ဂရုတစိုက်စေတနာတွေနဲ့
တွယ်မိတဲ့သံယောဇဉ်ကို
ဘာသာပြန်လွှဲလို့
နင်မာန်တက်နေပေမယ့်
ဖြေရှင်းချက်မဲ့စွာ နှုတ်စိတ်ခဲ့တာ
နင့်စိတ်အလိုကျပျှော်ရွှင်အောင်ပါ...

ခိုင်မြဲအောင်ချည်နှောင်ပြီးမှ
အဝေးဆုံးကို ပစ်လွှတ်လိုက်တဲ့
ကြိုးကွင်းတစ်ခုရဲ့နောက်ကွယ်မှာ
နာကျင်စွာပြုံးနေခဲ့တာ
နင့်စိတ်အလိုကျပျှော်ရွှင်အောင်ပါ....


<3 chanchan

1 comments:

နှံကောင် said...

နင့်အလိုကျတဲ့လား ..