လောကဓံရယ်
ဘယ်သူကများ မာယာတွေ
ဖန်ဆင်းပေးခဲ့ပါရဲ့
ဟန်ဆောင်မှုအလျဉ်းမရှိ
ရိုးသားခြင်းအတိဖုန်းနွှမ်းခဲ့တဲ့
ငါ့မျက်ဝန်းတွေတောင်
မုသားတွေနဲ့ပြည့်နှပ်လို့...
တည်မြဲခြင်းမရှိတဲ့
လောကနိယာမတွေကြား
ငါရှင်သန်ပါများတော့လည်း
ဘယ်လောက်ဆုံးရှုံးပါစေ
ငါ့နှုတ်ခမ်းတွေ ပြုံးနေတက်ခဲ့ပြီ...
ဘ၀နဲ့ချစ်ခြင်း
လွန်ဆွဲချိန်တိုင်း
ကြေမွခဲ့တဲ့ငါ့နှလုံးသားကိုလဲ
ငါကိုယ်တိုင်မြေမြုပ်လို့
တစ်ဖန်ပြန်အသက်သွင်းဖို့
မကြိုးစားတော့ပါဘူး...
စိတ်ကူးနဲ့လက်တွေ့
ဝေးကွားလွန်းလှတဲ့ ငါ့ကမ္ဘာထဲ
လောကဓံရယ်...
အတိတ်တွေကိုအံတု
အနာဂတ်ဆိုတဲ့အရာကိုစိန်ခေါ်ရဲတဲ့
လက်ရှိပစ္စုပန်ကိုသာ
တစ်ခုတည်းသော အဖော်မွန်ကောင်းအဖြစ်
ထာဝရနှင်းအပ်ပေးပါ...
ချမ်းချမ်း
Sunday, June 15, 2008
ထာဝရ အဖော်မွန်
Posted by Claire Chan Myae Thu at 8:40 PM 1 comments
Labels: ကဗျာ
Subscribe to:
Posts (Atom)