ဒါပေမယ့် ကျွန်မစိတ်ထဲမှာ အကြီးအကျယ် စိတ်မချမ်းမသာ ဖြစ်နေရတာဟာ ကိုယ်ဝန်ဖျက်ချနေကြတဲ့ ပြဿနာပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ ခုလို ပဋိသန္ဓေ တားဆီးနေကြတာဟာ စစ်ပွဲတစ်ခုကိုတိုက်ရိုက်ဆင်နွှဲပြီး မိခင် တွေကိုယ်တိုင်က ကိုယ့်သားသမီးငယ်တွေကို တိုက်ရိုက်သတ်ဖြတ် အသေသတ်နေကြလို့ပါပဲ။ မိခင်တစ်ယောက်ဟာ မိမိရဲ့ရင်သွေးငယ်ကို ကြုံတောင့်ကြုံခဲ မေ့ပျောက်နိုင်ကြပေမယ့် ကျွန်မကတော့ အဲဒီမိခင်ကို မေ့ပျာက် လို့ မရပါဘူး။....
ဒါကြောင့်ဒီနေ့ ဒီအချိန်မှာ မေတ္တာတရားကို အကြီးမားဆုံးနဲ့ ကြောက်စရာကောင်းဆုံး ဖျက်ဆီးနေတာဟာ ပဋိသန္ဓေတားဆီးရေးဆိုတဲ့ ကိုယ်ဝန်ဖျက်ချရေးပါပဲ။ အခု ဒီမှာကြွရောက်လာကြတဲ့ သူတွေအားလုံးဟာ ကျွန်မတို့  မိဘများရဲ့ လိုလားချစ်ခင်တဲ့ မေတ္တာတရားကြောင့် ဒီကိုရောက်ရှိလာနိုင်ခြင်း ဖြစ်ပါတယ်။ အကယ်၍သာ ကျွန်မတို့ရဲ့ မိဘတွေက မေတ္တာမထား၊ မလိုလားကြဘူးဆိုရင် ကျွန်မတို့ဟာ ဒီနေရာကို ရောက်လာဖို့ မဖြစ်နိုင်ပါဘူး။
ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ ရင်သွေးကလေးငယ်များကို မြတ်နိုးကြပါတယ်၊ ချစ်ခင်ကြပါတယ်။ အိန္ဒိယ၊ အာဖရိက စတဲ့ နိုင်ငံတွေက မြောက်မြားလှတဲ့ ကလေးငယ်တွေဟာ အာဟာရမပြည့်ဝမှု၊ ငတ်မွတ်ခေါင်းပါးမှုစတဲ့ဒဏ် တွေကြောင့် သေဆုံးနေကြပါတယ်။ ဒါပေမယ့် အဲဒီထဲမှာ သန်းပေါင်းများစွာသော ကလေးငယ်များဟာ သူတို့မိခင်များရဲ့ မလိုလားမှု၊ မေတ္တာတရား ခေါင်းပါးမှုများကြောင့် သေဆုံးကြရတယ်။ ဒါကြောင့် ဒီနေ့ပဋိသန္ဓေ တားဆီးရေးဟာ ငြိမ်းချမ်းရေးကို အကြီးကျယ်ဆုံး ဖျက်ဆီးနေသူ ဖြစ်နေပါပြီ။ ဘာ့ကြောင့်လဲ ဆိုတော့ မိခင်တစ်ယောက်ဟာ သူမရဲ့ ရင်သွေးငယ်ကို ဖျက်ဆီးသတ်ဖြတ် နိုင်ခွင့် ရှိနေခဲ့ရင် ဘာများကျန်ဦးတော့မှာလဲ။ ကျွန်မဟာ သင့်ကို သတ်ပစ်နိုင်ခွင့် ရှိသလို သင်ဟာလည်း ကျွန်မကို သတ်ပစ်နိုင်ခွင့် ရှိနေပါပြီ။ ဒီကြားထဲမှာ တခြားအကြောင်းပြစရာ ဘာမှ မကျန်တော့ပါဘူး။
Thursday, March 13, 2008
မာသာထရီဆာ၏မိန့်ခွန်း အပိုင်း(၃)
Posted by Claire Chan Myae Thu at 10:22 PM 0 comments
Labels: မာသာထရီဆာ၏ မိန့်ခွန်း
No Name
She doesn't love him
She's playing a part
She's telling you what you want to hear
But she will break your heart
She's not the person she wants to be
She knows she's making a mistake
She might look happy
But every smile she fakes
She doesn't want to hurt you
But she's got too much to lose
She's got nowhere to go
She's alone, she's confused
She's running from something
Something she can't explain
So she keeps on pretending
She keeps playing her game
But at some point she will tell you
At some point she'll go
And while I know she hurt you
She hurt herself too, more than you'll ever know.
Posted by Claire Chan Myae Thu at 5:33 AM 3 comments
Labels: No Name
Monday, March 3, 2008
မာသာထရီဆာ၏မိန့်ခွန်း (၂)
မာသာထရီဆာ၏မိန့်ခွန်း (၁) မှ အဆက်...
လူတစ်ယောက်ဟာ ကျွန်မတို့ရဲ့မေတ္တာအတွက် ငတ်မွတ်ခေါင်းပါး နေတယ်ဆိုရင် ဒီငတ်မွတ်ခေါင်းပါးမှုဟာ ကျွန်မတို့ရဲ့ ဆင်းရဲသား တွေအတွက်လည်း ဖြစ်ရပါမယ်။ ကျွန်မတို့ဟာဒီလို ငတ်မွတ်ခေါင်းပါးမှုကို တွေ့အောင်ရှာကြဖို့ လိုပါတယ်။ တကယ်တော့ဒီငတ်မွတ် ခေါင်းပါးမှုဟာ ကျွန်မတို့ရဲ့ အိမ်ဂေဟာအတွင်းမှာလည်း ရှိနေပါလိမ့်မယ်။
ကျွန်မဟာအခွင့်အရေး တစ်ခုကိုဘယ်တော့မှ လက်လွတ်မခံပါဘူး။ တစ်ခါကကျွန်မ အိမ်တစ်အိမ်ကို အလည်အပတ်ရောက်ရှိသွားခဲ့ ပါတယ်။ အဲဒီအိမ်မှာ သက်ကြီး ရွယ်အိုမိဘများနဲ့ သားသမီးတွေ အစုံအညီရှိကြပါတယ်။ ဒါပေမဲ့သူတို့အားလုံးဟာအမှုမဲ့အမှတ်မဲ့သာ နေထိုင်ကြတယ်။ အဲဒီကို ကျွန်မရောက်သွားတဲ့အခါမျာသူတို့ အိမ်မှာ အစစအရာရာ ပြည့်စုံနေတာ တွေ့ရပါတယ်။
အဲဒီ အရာဝတ္ထုတွေဟာ အင်မတန်လှပကြပါတယ်။ ဒါပေမဲ့ သူတို့အားလုံးဟာ တံခါ်းဝကို စောင့်ကြည့်နေကြပါ တယ်။ သူတို့အားလုံးရဲ့မျက်နျာတွေဟာ ပြုံးမနေကြပါဘူး။ ဒါနဲ့ကျွန်မကအတူပါလာတဲ့ သီလရှင်ကလေးကိုမေး လိုက်မိတယ်။ ဒါဟာဘယ်လိုကြောင့်လဲလို မေးမိတာပါ။ အစစအရာရာ ပြည့်စုံကြွယ်ဝနေကြတဲ့ ဒီအိမ်ကအိမ်သူအိမ်သားတွေဟာ ဘာ့ကြောင့်တံခါးဝကို ကြည့်နေကြတာလဲ၊ သူတို့မျက်နျာတွေဟာဘာ့ကြောင့် ပြုံးမနေကြတာလဲလို့ ကျွန်မက မေးကြည့်မိပါတယ်။
ကျွန်မဟာ လူတွေရဲ့ပြုံးနေတဲ့ မျက်နှာတွေကို မကြာခဏမြင်ဖူး တွေ့ဖူးပါတယ်။ သေလုမြောပါးဖြစ်နေတဲ့ လူတစ်ယောက်ရဲ့ပြုံးနေတဲ့ မျက်နှာကိုတောင် မြင်တွေ့ခဲ့ ရဖူးပါတယ်။ ကျွန်မကဒီလိုပြောပြီး မေးလိုက်တော့အတူပါလာတဲ့ သီလရှင်ကလေးက ‘‘ ဒီလိုဖြစ်နေ တာဟာ နေ့တိုင်းလိုပါပဲ၊ သူတို့စိတ်ထဲမှာသူတို့ရဲ့ သားသမီးတစ်ယောက်ယောက်ဟာ ဒီအိမ်ကိုအလည်ရောက်လာလိမ့်မယ်လို့ ထင်နေ တယ်။ သူတို့ဟာ အဲဒီ သားသမီးတွေကို မေ့လျော့နေကြတဲ့ အတွက်သူတို့တစ်တွေ လာရောက်လည်ပတ်ကြမယ်ဆိုတာကိုစိတ်မချမ်း မသာဖြစ်နေကြပါတယ် ’’ လို့ သီလရှင်ကလေးကပြန်ပြောပါတယ်။ အဲဒါကိုစဉ်းစားကြည့်ကြပါ။ မေတ္တာတရားဟာဒီလိုစိတ်ထားမျိုး အပေါ်မှာ တည်ပါတယ်။ အဲဒီအချိန်မှာဆင်းရဲနွမ်းပါးမှုဟာ ကျွန်မတို့အိမ်ကို ရောက်လာတတ်ပါတယ်။ အဲဒီအချိန်မှာမေတ္တာတရားဟာ ခန်းခြောက် ကွယ်ပျောက်သွားတတ်ပါတယ်။ ကျွန်မတို့ အိမ်သူအိမ်သားတွေထဲမှာ ဒီလို အိမ်သားမျိုးရှိနေတတ်ပါတယ်။ သူဟာအထီး ကျန်ဆန်နေပြီး မကျန်းမမာ ဖြစ်နေတတ်ပါ တယ်။ သူဟာ စိုးရိမ်ပူပန်နေတတ်ပြီး ဒီအဖြစ်မျိုးဟာ လူတိုင်းအတွက် နေ့စဉ်နဲ့အမျှ ကြုံတွေ့နေပါတယ်။
အနောက်နိုင်ငံတွေမှာ ခုခေတ်လူငယ်အတော်များများဟာ မူယစ်ဆေးဝါးသုံးစွဲနေကြတယ်ဆိုတာ သိရလို့ကျွန်မတအံ့တသြဖြစ်မိပါ တယ်။ ဘာ့ကြောင့် ဒီလိုဖြစ်ရသလဲလို့ ကျွန်မ တွေးကြည့်မိပါတယ်။ ဒီလို ဖြစ်ရတာ ဘာ့ကြောင့်လဲ။ ကျွန်မတွေ့ရတဲ့အဖြေကတော့ ‘‘ သူတို့မိသားစုတွေကသူတို့ကိုလက်မခံကြလို့ ’’ ပါပဲ။ အဖေ နဲ့အမေတွေမှာ အလုပ်တွေများလွန်းပြီး သူတို့ကို ဂရုစိုက်ဖို့အချိန် မရကြပါဘူး။ ငယ်ရွယ်တဲ့ မိဘနှစ်ပါး ဖြစ်သူတွေဟာဒုက္ခပင်လယ်ဝေအောင် မအားမလပ်ကြလို့ သူတို့ကလေးတွေဟာ လမ်းတွေပေါ် ရောက်ပြီး မဖြစ်သင့်တာတွေဖြစ်ကုန်ကြတာပါပဲ။ ကျွန်မတို့ဟာ အခု မေတ္တာပွားများကြဖို့ ပြောနေကြတာ ဖြစ်ပါတယ်။ အခု ကျွန်မ ပြောခဲ့တဲ့ ဖြစ်ရပ်တွေဟာ မေတ္တာတရားကိုပျက်ပြားစေတဲ့ အကြောင်းတရားတွေပါပဲ။
ဆက်ရန်ရှိသည်.....
Posted by Claire Chan Myae Thu at 11:00 PM 0 comments
Labels: မာသာထရီဆာ၏ မိန့်ခွန်း
Sunday, March 2, 2008
မာသာထရီဆာ၏မိန့်ခွန်း (၁)
၁၉၇၉ခု ဒီဇင်ဘာ ၁၀ရက်နေ့ နော်ဝေးနိုင်ငံအော့စလိုမြို့၌ ကျင်းပခဲ့သည့်ငြိမ်းချမ်းရေးဆုချီးမြှင့်သည့် အခန်းအနားတွင်ဆုချီးမြှင့်ခြင်း ခံရသူ မာသာထရီဆာကိုယ်တိုင် ပရိသတ်အား ပြောကြားခဲ့သည့်မိန့်ခွန်းဖြစ်သည်။ မာသာထရီဆာ၏မိန့်ခွန်းမှာ အလွန်ရှည်လျားသောကြောင့် ခရစ်ယာန်ဘာသာရေးနှင့်ပက်သက်သောတစ်ချို့ အကြောင်း အရာ များကို ကျွန်မချန်လှပ်ထားခဲ့ပါသည်။
ဒီနေ့ဒီနေရာမှာ ကျွန်မတို့တစ်တွေ အခုလိုစုရုံးရောက်ရှိလာခွင့် ရှိခဲ့ကြတာဟာ ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်ပါပဲ။ ဘာကြောင့်လဲ ဆိုတော့အခု ချီးမြှင့်တဲ့ ငြိမ်းချမ်းရေး ဆုလက်ဆောင်ဟာကျွန်မတို့အတွက် ငြိမ်းချမ်းစွာအတူနေထိုင်ကြဖို့ ဖန်တီးပေးခဲ့တယ်ဆိုတာပြန်ပြောင်းသတိပေးလိုက်တဲ့ အတွက်ပါပဲ၊ ပြီးတော့ယေရှုသခင်ဟာ ဆင်းရဲသူ ဆင်းရဲသားများအတွက် ဒီကောင်းမြတ်တဲ့သတင်းကို ဆောင်ယူလာတဲ့ လူပုဂ္ဂိုလ် ဖြစ်နေလို့ပါပဲ။ စင်စစ်အားဖြင့် ဘုရားသခင်ဖြစ်တော် မူပေမယ့်မကောင်းမှု ဒုစရိုက်များနဲ့ ကင်းဝေးတာက လွဲလို့ ကျွန်မတို့နဲ့ထပ်တူထပ်မျှ လူသားတစ်ဦးဖြစ်ပါတယ်။ သူဟာကောင်းမြတ်တဲ့ မင်္ဂလာသတင်းများကိုကျွန်မတို့အတွက်ဆောင်ကြဉ်းလာ တယ်ဆိုတာ အလွန်တရာ ရှင်းလင်းစွာဖွင့်ဟမိန့်ကြားခဲ့ပြီးဖြစ်ပါတယ်။
ဒီသတင်းဟာ စိတ်ရင်းသဘောထား ကောင်းမွန်သူများ အားလုံးအတွက် နှလုံးစိတ်ဝမ်းချမ်းမြေ့စေပြီး ငြိမ်းချမ်းတဲ့နှလုံးသားကို ပေးဆောင်ခဲ့ပါတယ်။ ဘုရားသခင်ဟာကမ္ဘာ လောကကြီးကို ချစ်မြတ်နိုးလှတဲ့အတွက် သူ့ရဲ့သားတော်ကိုပင် ပေးအပ်ခဲ့ပါတယ်။ ရှင်တော်ဘုရားဟာကျွန်မတို့အားလုံးကို တစ်ယောက်မကျန် မေတ္တာပွားခဲ့သလို ကျွန်မ တို့ အချင်းချင်းလဲအပြန်အလှန် မေတ္တာ ထားကြဖို့ဟောကြားခဲ့ပါတယ်။
"ကျွန်တော်ဟာ ဘုရားသခင်းကို မေတ္တာထားပါတယ်။ ဒါပေမယ့် အိမ်နီးနားချင်းကိုတော့ မေတ္တာမထားနိုင်ပါဘူး" လို့ ပြောကြားရုံနဲ့ ကျွန်မတို့ဟာမလုံလောက်မပြည့်စုံ ပါ ဘူး။ တစ်ခါက သူတော်စင်စိန့်လွန် မိန့်ကြားခဲ့သလို သင်ဟာဘုရားသခင်ကို မေတ္တာထားနိုင်ပြီးအိမ်နီးနားချင်းကိုတော့ မေတ္တာမထားနိုင်ဘူး လို့ပြောလာခဲ့ရင်သင်ဟာ လူလိမ်လူညာတစ်ယောက်သာ ဖြစ်နေပါလိမ့်မယ်။ သင်ကိုယ်တိုင် မမြင်ရတဲ့ ဘုရားသခင်ကိုတော့ မေတ္တာထားနိုင်ပြီး သင်ကိုယ်တိုင် မြင်ရ၊ သင်ကိုယ်တိုင် ဆက်ဆံထိ တွေ့နေရတဲ့ အိမ်နီးနားချင်းကို ဘာကြောင့် မေတ္တာမထားနိုင်ရတာလဲ။
ဆက်ရန်ရှိသည်...
Posted by Claire Chan Myae Thu at 7:53 PM 0 comments
Labels: မာသာထရီဆာ၏ မိန့်ခွန်း
Friday, February 29, 2008
မီးဘေးကြောင့်အိုးမဲ့အိမ်မဲ့ဖြစ်နေသူများအတွက်
လှိုင်သာယာ စက်မှုဇုံ အမှတ် (၄) အနီးရှိ ရေအုတ်ကန်ရွာတွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ အိမ်ခြေ ၂ဝဝ ကျော် ပျက်စီးပြီး လူဦးရေ ၃ ထောင်ခန့် အိုးအိမ်မဲ့ ဖြစ်သွားခဲ့ပါသည်။ထို့သို့သောဒုက္ခရောက်နေသူများကိုကျွန်မတို့
တက်နိုင်သည့်ဘက်မှကူညီနိုင်ရန်စီစဉ်ထားပါသည်။
၂ရက်၃လ၂၀၀၈ခုနှစ်လာမည့်တနင်္ဂနွေနေ့ညနေ၃နာရီအချိန်မှစပြီးဒုက္ခသည်များအားထမင်းထုပ်၊အင်္ကျီ၊အလှူငွေအစရှိသည့်အရာများ
လှူဒန်းသွားမည်ဖြစ်ပါသဖြင့်လှူဒန်းချင်လိုသောဆန္ဒရှိသူများအောက်ပါဖုန်းနံပါတ်များအားဆက်သွယ်နိုင်ပါသည်..
လင်းကို-၀၉၅၁၃၃၂၆၉
မဇာ-၀၉၂၂၈၅၇၂
ကိုနေလင်းအောင်-၀၉၅၁၆၁၇၁၉
ချမ်းမြေ့-၀၉၅၁၆၂၃၆၅
To the world you might be one person,but to one person you might be the world..............
Posted by Claire Chan Myae Thu at 2:55 AM 0 comments
Labels: News
Wednesday, February 27, 2008
ပြေပါစေ...

နင်နဲ့ငါ....ကျောင်းတော်ကရန်စလဲမရှိ
နင်နဲ့ငါ....အတိတ်ကဇာတ်လမ်းဟောင်းလဲမရှိ
နင်နဲ့ငါ....ဘ၀အဆက်ဆက်မပြေနိုင်တဲ့အငြိုးအတေးလဲမရှိ
စကားသံတွေနဲ့ခင်တွယ်မှုအသစ်မှာ
ယစ်မူးပျှော်ရွှင်မိတာ..နာရီတောင်မသိ
အထင်တကြီးမာနသံတွေနဲ့..
ရက်စက်ရှောင်ပုန်းတဲ့ရက်
မချိအပြုံးနာကျင်မှုအပြည့်
နင့်ကိုမေ့ဘို့စိတ်ကူးဖူးတယ်..
လက်ဝဲသုန္ဒရ ရတုရေးလျှောက်
မျက်မာန်ပျောက်စေခဲ့
မမြကလေးလည်းသီကုံးဆိုဖွဲ့
မင်းကနောင်စိတ်ကိုညှို့ယူခဲ့
လှောင်ပြုံးတော့မပြုံးလိုက်ပါနဲ့
ပြောင်းလဲချင်သူအတွက်
သေရာပါအရှုံးနဲ့
အယူခံဝင်ကဗျာတစ်ပုဒ်
ငါရေးခဲ့မယ်...
ငါ့နှလုံးသားရဲ့လွမ်းချင်းမို့
နင်အမျက်တင်ခဲ့ရင်
ပြေပါ....
<3 chan chan
Friday, February 22, 2008
မင်းအတွက် (သို့) ၂၀၀၅ ခုနှစ်နေ့ရက်များဆီသို့
ာ
ရင်းနှီးခဲ့ကြရတာ
ပုံပြင်တစ်ပုဒ်မဟုတ်ပေမယ့်
ကံဇာတ်ဆရာအလိုကျ
ခွဲကြရတာလည်းမဟုတ်ပြန်ဘူး
ဖန်တီးလိုက်ရတဲ့ နာကျင်မှု
အတိုင်းအဆမဲ့ဝေးကွာမှုတွေက
နင့်အလိုကျပျှော်ရွှင်အောင်ပါ...
ဂရုတစိုက်စေတနာတွေနဲ့
တွယ်မိတဲ့သံယောဇဉ်ကို
ဘာသာပြန်လွှဲလို့
နင်မာန်တက်နေပေမယ့်
ဖြေရှင်းချက်မဲ့စွာ နှုတ်စိတ်ခဲ့တာ
နင့်စိတ်အလိုကျပျှော်ရွှင်အောင်ပါ...
ခိုင်မြဲအောင်ချည်နှောင်ပြီးမှ
အဝေးဆုံးကို ပစ်လွှတ်လိုက်တဲ့
ကြိုးကွင်းတစ်ခုရဲ့နောက်ကွယ်မှာ
နာကျင်စွာပြုံးနေခဲ့တာ
နင့်စိတ်အလိုကျပျှော်ရွှင်အောင်ပါ....
<3 chanchan
Posted by Claire Chan Myae Thu at 8:24 PM 1 comments
Labels: ကဗျာ
