Thursday, March 13, 2008

မာသာထရီဆာ၏မိန့်ခွန်း အပိုင်း(၃)

ဒါပေမယ့် ကျွန်မစိတ်ထဲမှာ အကြီးအကျယ် စိတ်မချမ်းမသာ ဖြစ်နေရတာဟာ ကိုယ်ဝန်ဖျက်ချနေကြတဲ့ ပြဿနာပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ ခုလို ပဋိသန္ဓေ တားဆီးနေကြတာဟာ စစ်ပွဲတစ်ခုကိုတိုက်ရိုက်ဆင်နွှဲပြီး မိခင် တွေကိုယ်တိုင်က ကိုယ့်သားသမီးငယ်တွေကို တိုက်ရိုက်သတ်ဖြတ် အသေသတ်နေကြလို့ပါပဲ။ မိခင်တစ်ယောက်ဟာ မိမိရဲ့ရင်သွေးငယ်ကို ကြုံတောင့်ကြုံခဲ မေ့ပျောက်နိုင်ကြပေမယ့် ကျွန်မကတော့ အဲဒီမိခင်ကို မေ့ပျာက် လို့ မရပါဘူး။....

ဒါကြောင့်ဒီနေ့ ဒီအချိန်မှာ မေတ္တာတရားကို အကြီးမားဆုံးနဲ့ ကြောက်စရာကောင်းဆုံး ဖျက်ဆီးနေတာဟာ ပဋိသန္ဓေတားဆီးရေးဆိုတဲ့ ကိုယ်ဝန်ဖျက်ချရေးပါပဲ။ အခု ဒီမှာကြွရောက်လာကြတဲ့ သူတွေအားလုံးဟာ ကျွန်မတို့  မိဘများရဲ့ လိုလားချစ်ခင်တဲ့ မေတ္တာတရားကြောင့် ဒီကိုရောက်ရှိလာနိုင်ခြင်း ဖြစ်ပါတယ်။ အကယ်၍သာ ကျွန်မတို့ရဲ့ မိဘတွေက မေတ္တာမထား၊ မလိုလားကြဘူးဆိုရင် ကျွန်မတို့ဟာ ဒီနေရာကို ရောက်လာဖို့ မဖြစ်နိုင်ပါဘူး။

ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ ရင်သွေးကလေးငယ်များကို မြတ်နိုးကြပါတယ်၊ ချစ်ခင်ကြပါတယ်။ အိန္ဒိယ၊ အာဖရိက စတဲ့ နိုင်ငံတွေက မြောက်မြားလှတဲ့ ကလေးငယ်တွေဟာ အာဟာရမပြည့်ဝမှု၊ ငတ်မွတ်ခေါင်းပါးမှုစတဲ့ဒဏ် တွေကြောင့် သေဆုံးနေကြပါတယ်။ ဒါပေမယ့် အဲဒီထဲမှာ သန်းပေါင်းများစွာသော ကလေးငယ်များဟာ သူတို့မိခင်များရဲ့ မလိုလားမှု၊ မေတ္တာတရား ခေါင်းပါးမှုများကြောင့် သေဆုံးကြရတယ်။ ဒါကြောင့် ဒီနေ့ပဋိသန္ဓေ တားဆီးရေးဟာ ငြိမ်းချမ်းရေးကို အကြီးကျယ်ဆုံး ဖျက်ဆီးနေသူ ဖြစ်နေပါပြီ။ ဘာ့ကြောင့်လဲ ဆိုတော့ မိခင်တစ်ယောက်ဟာ သူမရဲ့ ရင်သွေးငယ်ကို ဖျက်ဆီးသတ်ဖြတ် နိုင်ခွင့် ရှိနေခဲ့ရင် ဘာများကျန်ဦးတော့မှာလဲ။ ကျွန်မဟာ သင့်ကို သတ်ပစ်နိုင်ခွင့် ရှိသလို သင်ဟာလည်း ကျွန်မကို သတ်ပစ်နိုင်ခွင့် ရှိနေပါပြီ။ ဒီကြားထဲမှာ တခြားအကြောင်းပြစရာ ဘာမှ မကျန်တော့ပါဘူး။


0 comments: