မာသာထရီဆာ၏မိန့်ခွန်း (၁) မှ အဆက်...
လူတစ်ယောက်ဟာ ကျွန်မတို့ရဲ့မေတ္တာအတွက် ငတ်မွတ်ခေါင်းပါး နေတယ်ဆိုရင် ဒီငတ်မွတ်ခေါင်းပါးမှုဟာ ကျွန်မတို့ရဲ့ ဆင်းရဲသား တွေအတွက်လည်း ဖြစ်ရပါမယ်။ ကျွန်မတို့ဟာဒီလို ငတ်မွတ်ခေါင်းပါးမှုကို တွေ့အောင်ရှာကြဖို့ လိုပါတယ်။ တကယ်တော့ဒီငတ်မွတ် ခေါင်းပါးမှုဟာ ကျွန်မတို့ရဲ့ အိမ်ဂေဟာအတွင်းမှာလည်း ရှိနေပါလိမ့်မယ်။
ကျွန်မဟာအခွင့်အရေး တစ်ခုကိုဘယ်တော့မှ လက်လွတ်မခံပါဘူး။ တစ်ခါကကျွန်မ အိမ်တစ်အိမ်ကို အလည်အပတ်ရောက်ရှိသွားခဲ့ ပါတယ်။ အဲဒီအိမ်မှာ သက်ကြီး ရွယ်အိုမိဘများနဲ့ သားသမီးတွေ အစုံအညီရှိကြပါတယ်။ ဒါပေမဲ့သူတို့အားလုံးဟာအမှုမဲ့အမှတ်မဲ့သာ နေထိုင်ကြတယ်။ အဲဒီကို ကျွန်မရောက်သွားတဲ့အခါမျာသူတို့ အိမ်မှာ အစစအရာရာ ပြည့်စုံနေတာ တွေ့ရပါတယ်။
အဲဒီ အရာဝတ္ထုတွေဟာ အင်မတန်လှပကြပါတယ်။ ဒါပေမဲ့ သူတို့အားလုံးဟာ တံခါ်းဝကို စောင့်ကြည့်နေကြပါ တယ်။ သူတို့အားလုံးရဲ့မျက်နျာတွေဟာ ပြုံးမနေကြပါဘူး။ ဒါနဲ့ကျွန်မကအတူပါလာတဲ့ သီလရှင်ကလေးကိုမေး လိုက်မိတယ်။ ဒါဟာဘယ်လိုကြောင့်လဲလို မေးမိတာပါ။ အစစအရာရာ ပြည့်စုံကြွယ်ဝနေကြတဲ့ ဒီအိမ်ကအိမ်သူအိမ်သားတွေဟာ ဘာ့ကြောင့်တံခါးဝကို ကြည့်နေကြတာလဲ၊ သူတို့မျက်နျာတွေဟာဘာ့ကြောင့် ပြုံးမနေကြတာလဲလို့ ကျွန်မက မေးကြည့်မိပါတယ်။
ကျွန်မဟာ လူတွေရဲ့ပြုံးနေတဲ့ မျက်နှာတွေကို မကြာခဏမြင်ဖူး တွေ့ဖူးပါတယ်။ သေလုမြောပါးဖြစ်နေတဲ့ လူတစ်ယောက်ရဲ့ပြုံးနေတဲ့ မျက်နှာကိုတောင် မြင်တွေ့ခဲ့ ရဖူးပါတယ်။ ကျွန်မကဒီလိုပြောပြီး မေးလိုက်တော့အတူပါလာတဲ့ သီလရှင်ကလေးက ‘‘ ဒီလိုဖြစ်နေ တာဟာ နေ့တိုင်းလိုပါပဲ၊ သူတို့စိတ်ထဲမှာသူတို့ရဲ့ သားသမီးတစ်ယောက်ယောက်ဟာ ဒီအိမ်ကိုအလည်ရောက်လာလိမ့်မယ်လို့ ထင်နေ တယ်။ သူတို့ဟာ အဲဒီ သားသမီးတွေကို မေ့လျော့နေကြတဲ့ အတွက်သူတို့တစ်တွေ လာရောက်လည်ပတ်ကြမယ်ဆိုတာကိုစိတ်မချမ်း မသာဖြစ်နေကြပါတယ် ’’ လို့ သီလရှင်ကလေးကပြန်ပြောပါတယ်။ အဲဒါကိုစဉ်းစားကြည့်ကြပါ။ မေတ္တာတရားဟာဒီလိုစိတ်ထားမျိုး အပေါ်မှာ တည်ပါတယ်။ အဲဒီအချိန်မှာဆင်းရဲနွမ်းပါးမှုဟာ ကျွန်မတို့အိမ်ကို ရောက်လာတတ်ပါတယ်။ အဲဒီအချိန်မှာမေတ္တာတရားဟာ ခန်းခြောက် ကွယ်ပျောက်သွားတတ်ပါတယ်။ ကျွန်မတို့ အိမ်သူအိမ်သားတွေထဲမှာ ဒီလို အိမ်သားမျိုးရှိနေတတ်ပါတယ်။ သူဟာအထီး ကျန်ဆန်နေပြီး မကျန်းမမာ ဖြစ်နေတတ်ပါ တယ်။ သူဟာ စိုးရိမ်ပူပန်နေတတ်ပြီး ဒီအဖြစ်မျိုးဟာ လူတိုင်းအတွက် နေ့စဉ်နဲ့အမျှ ကြုံတွေ့နေပါတယ်။
အနောက်နိုင်ငံတွေမှာ ခုခေတ်လူငယ်အတော်များများဟာ မူယစ်ဆေးဝါးသုံးစွဲနေကြတယ်ဆိုတာ သိရလို့ကျွန်မတအံ့တသြဖြစ်မိပါ တယ်။ ဘာ့ကြောင့် ဒီလိုဖြစ်ရသလဲလို့ ကျွန်မ တွေးကြည့်မိပါတယ်။ ဒီလို ဖြစ်ရတာ ဘာ့ကြောင့်လဲ။ ကျွန်မတွေ့ရတဲ့အဖြေကတော့ ‘‘ သူတို့မိသားစုတွေကသူတို့ကိုလက်မခံကြလို့ ’’ ပါပဲ။ အဖေ နဲ့အမေတွေမှာ အလုပ်တွေများလွန်းပြီး သူတို့ကို ဂရုစိုက်ဖို့အချိန် မရကြပါဘူး။ ငယ်ရွယ်တဲ့ မိဘနှစ်ပါး ဖြစ်သူတွေဟာဒုက္ခပင်လယ်ဝေအောင် မအားမလပ်ကြလို့ သူတို့ကလေးတွေဟာ လမ်းတွေပေါ် ရောက်ပြီး မဖြစ်သင့်တာတွေဖြစ်ကုန်ကြတာပါပဲ။ ကျွန်မတို့ဟာ အခု မေတ္တာပွားများကြဖို့ ပြောနေကြတာ ဖြစ်ပါတယ်။ အခု ကျွန်မ ပြောခဲ့တဲ့ ဖြစ်ရပ်တွေဟာ မေတ္တာတရားကိုပျက်ပြားစေတဲ့ အကြောင်းတရားတွေပါပဲ။
ဆက်ရန်ရှိသည်.....
Monday, March 3, 2008
မာသာထရီဆာ၏မိန့်ခွန်း (၂)
Posted by Claire Chan Myae Thu at 11:00 PM
Labels: မာသာထရီဆာ၏ မိန့်ခွန်း
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment