Wednesday, March 19, 2008

အပေအတေ ကလေကချေနေ့များ မှ ရုန်းထွက်ခြင်း

မိုးလင်းပြီဆို အလုပ်သွားပြီ ဒါကလည်း လူကြားကောင်းရုံပါ။ အလုပ်မှာက အင်တနက်ရတယ်လေ၊ အဲဒီတော့ ချမ်းချမ်းတို့စိတ်ကြိုက်ပေါ့၊ စိတ်ကြိုက်ဆိုလို့ အင်တာနက်ပေါ်မှာ စာအုပ်တွေ ဖက်၊ လေ့လာစရာရှိတာတွေ ကိုယ်တိုင်လေ့လာ နေတယ်လို့ မထင်ပါနဲ့။ GTalk လေးဝင်လိုက်၊ blog လေးလုပ် လိုက်နဲ့လေ။ အဲ အတန်းတက်ချိန်ရောက်ရင် တော့ အပြေးအလွှား အတန်းသွားတက်တာပေါ့၊ ဒါလဲ အထင်ကြီး စရာ မရှိပါဘူး။ ဆရာသင်သမျှ လိုက်မှတ်၊ ဆရာမေးရင် သိသလိုလို မသိသလိုလိုနဲ့ လျှောက်ဖြေလိုက်၊ အတန်း ပြီးရင်ရော အရေးပါတာဘာလုပ်လဲလို့မေးကြည့်၊ ကျွန်မချမ်းချမ်း သူငယ်ချင်းတွေနဲ့ လက်ဘက်ရည်ဆိုင် ထိုင်ပါ တယ်။ အဲဒီလိုပါပဲ ကျွန်မအလေလိုက်ပြီး ကလေကချေ လုပ်နေတာ၊ အရေးမပါတဲ့ဟာတွေကို အရာပေးပါများနေ ပြီ။

စိတ်ရှုပ်တာပါလို့ ခေါင်းစဉ်တပ်ပြီး လုပ်ချင်တာတွေကို ဆင်ခြေတရားကင်းမဲ့စွာ လုပ်နေတဲ့ရက်တွေလည်း မနည်းတော့ဘူး။ စိတ်ရှုပ်လို့ လုပ်ချင်ရာ လုပ်နေတယ်။ လုပ်လိုက်လို့ ပိုစိတ်ရှုပ်ရ တယ်။ အဲဒါနဲ့ပဲ ဒီသံသရာထဲ ကျွန်မလည်နေတယ်။

70-300 ဖြေရမယ်။ BCIS စာမေးပွဲက ဇွန်၁ရက်နေ့ အဲဒီအတွက်စာတွေလဲမရသေးဘူး၊ ကျွန်မအခုတစ်လော အလေတော်တော်လိုက်နေပါတယ်။ လုပ်လက်စ Project ကလည်း မပြီးဆုံးနိုင်သေးဘူး။ ဒီကြားထဲ ဒီဇင်ဘာမှာ တင်ရမယ့် Project အတွက် Proposal တင်ရတော့မယ်။ ဟင်ကြည့်စမ်း ဒီလောက်များတဲ့ အလုပ်တွေ ရှိနေတာ တောင် အလေလိုက်ဖို့ အချိန်တွေ ကျွန်မမှာတော်တော်ပေါနေတယ်။ သေချာတယ်၊ ဒီအတိုင်းသာဆက်သွားရင် Doggy ဖြစ်တော့မယ်။ ဒါတောင် ကိုယ့်အသိစိတ်နဲ့ကိုယ် သုံးသပ် မိတယ် မထင်ပါနဲ့။ BCIS က သူငယ်ချင်းက ဖုန်းလှန်းဆက်ပြီး၊ ချမ်းချမ်းရေ Proposal ကဘယ်လို၊ စာမေးပွဲက ဘယ်တော့ဆိုပြီး ပြောခါမှ ကျွန်မ အပေအတေ ဖြစ်နေမှန်း သုံးသပ်မိတာပါ။

အဲဒါကြောင့် ကျွန်မတောင်းပန်ချင်တာ Post အသစ်တွေ ခဏ ခဏ တင်နိုင်တော့မယ် မထင်ပါဘူး။ လာလည် ကြတဲ့ သူငယ်ချင်းတွေကို ဂရုမစိုက်သလို ဖြစ်သွားရင် တောင်းပန်ပါတယ်။ Blog ရိုးကိုးပေါက်လည်း သွားနိုင် တော့မယ် မထင်ပါဘူး။ ဇွန်စာမေးပွဲ ပြီးသွားရင်တော့ ကျွန်မ blog ကိုပြန်ဂရုစိုက်မှာမို့ လစ်ဟင်းသွားခဲ့တာလေး များ ရှိရင်တောင်းပန်ပါတယ် လို့....

chanchan <3


3 comments:

Anonymous said...

hay fri rabbit yay
i ayan kyite pa u yae sar thar twe har i yay heart koe lar hti ba doe nge sin ba wa koe i miss dal kwa u doe nae a2 informatics ga class pyi dar nae doe twe tea shop koe thwe kya dal naw luck7 koe miss dal ha u kyut i lae tea kyite tap thwe be lwan dal fri yae.
min yae hta wa ya thu nge chin
wai

နေ့အိပ်မက် said...

ဟော့တော့.. နာမည်တစ်လုံးပါတူနေပြန်ပြီ.. အိပ်မက်ချင်းလည်းတူ ချမ်းချင်းလည်းတူ ... ခွိ.. ခွိ.. :)

Anonymous said...

Indultytuff [url=http://wiki.openqa.org/display/~buy-cipro-without-no-prescription-online]Buy Cipro without no prescription online[/url] [url=http://wiki.openqa.org/display/~buy-buspar-without-no-prescription-online]Buy Buspar without no prescription online[/url]