March 5, 2011
Alarm clock rang when it was time to
start my meaningful Saturday. I checked the clock again. It was 5:45AM
Saturday early morning. I was lying on the bed for a while and telling
myself so hard to prepare for the activity I signed up for today. I,
physically, went to the bathroom to wake me up completely as my mind is
still on the bed. My mind started totally wake up after showering for
about 15 minutes. When the clock turned to 6:45, my steps were leading
to High Point Community Services Association at Lorong 23, Geylang.
Highpoint
Community Services Association is involved in the daily packing of
about 1000 food packets for the needy people. This activity starts at
6:30AM whereby the vegetables will be delivered and cooking. We,
volunteers, are needed to help packing in order to be ready to deliver
at 10AM.
I have been doing those kinds of volunteer
activities from October 2010. Of course, I am happy for what I am doing
for those people in need. But yet I could not find any activity I am
interested in most till this morning. When I got to HCSA, everyone was
doing their respective duty. There were also other people from other
organizations. Although I was a little bit late, my volunteer leader,
Shu Yan, told me to join one of the groups who were helping packing. I
went down to that group and helped packing.
Our group got Six
people including me. One was for putting rice into the packets, two were
for putting curry, one was to cover up the packet, one was to tie those
packets with rubber buns [that was me ;) ], and another one was
arranging the packets into one baskets. I did not even notice how many
packets we had made until Uncle came and told us that we still needed to
make 50 packs. I thought we just needed 50 more food packets. After
making those 50 packets, I pushed that basket to the place where it was
supposed to be. Uncle came to us pushing another blank baskets and said
we need 50 more packets. Haha..We did that one too and we had to do
other ones too.
I got a lot of pressure while I was
packing because we had to finish packing at 10AM. Some cars came to the
place where we were packing at 10AM and we also had already finished
packing. I noticed and told myself that I did something difference today
for needy people as the cars were going from HSCA to those needy people
in order to distribute the food packets we had made.
Now,
I am still delightful for what I have done today. Even though I did
other activities on other days, this activity is the one I enjoy most. I
was going back home thinking what I did not only for those needy
people, also for myself. I feel much more than please than ever.
Finally, I found the one I enjoy most. I decided to join that activity
for other weeks on my way back to home and gonna start my meaningful
Saturday. ;)
I share my love, happiness, and delight-fulness with you guys
With love,
Claire Chan Myae
Read More...
Collapse...
လောကဓံလေပြင်း တိုက်ခတ်ဆင်းလို့ ပြိုကွဲအိပ်မက် တွေ့ကြုံနေလည်း မုန်တိုင်းများနှင့် ယှဉ်ကာတွဲလျက် ပြန်သန်းခဲ့သည်။ ထိုငှက်ငယ်သည်။ ငါ၏စိတ်တည်း။ လမ်းတို့ပျောက်ကာ ကြင်သူမရှိ အထီးကျန်ဘိလည်း တစ်ကောင်တည်းအားတင်း ဒုန်းစိုင်းနင်း၍ ပြန်သန်းနေမည် ငါ၏ငှက်သည်။ ခရီးဝေးလည်း မမောပန်းညား ဘ၀ဆိုသည့် လှိုင်းကြမ်းတံပိုးအား ငါဖောက်ထိုးလို့ ပြန်သန်းအုံးမည်။ ငါယုံကြည်ရာ ထိုအိပ်မက်များ ရှိရာဆီသို့... ချမ်းချမ်း
Read More...
Collapse...
People are often unreasonable, illogical, and self centred; Forgive them anyway If you are kind, people may accuse you of selfish, ulterior motives; Be kind anyway If you are successful, you will win some false friends, and some true enemies; Succeed anyway If you are honest and frank, people may cheat you; Be honest and frank anyway What you spend years building, someone could destroy overnight; Build anyway If you find serenity and happiness, they may be jealous; Be happy anyway The good you do today, people will often forget tomorrow; Do good anyway Give the world the best you have, it may never be enough; Give the world the best you've got anyway You see, in the final analysis, it is between you and your god; It was never between you and them anyway Mother Tresa
Read More...
Collapse...
လောကဓံရယ် ဘယ်သူကများ မာယာတွေ ဖန်ဆင်းပေးခဲ့ပါရဲ့ ဟန်ဆောင်မှုအလျဉ်းမရှိ ရိုးသားခြင်းအတိဖုန်းနွှမ်းခဲ့တဲ့ ငါ့မျက်ဝန်းတွေတောင် မုသားတွေနဲ့ပြည့်နှပ်လို့... တည်မြဲခြင်းမရှိတဲ့ လောကနိယာမတွေကြား ငါရှင်သန်ပါများတော့လည်း ဘယ်လောက်ဆုံးရှုံးပါစေ ငါ့နှုတ်ခမ်းတွေ ပြုံးနေတက်ခဲ့ပြီ... ဘ၀နဲ့ချစ်ခြင်း လွန်ဆွဲချိန်တိုင်း ကြေမွခဲ့တဲ့ငါ့နှလုံးသားကိုလဲ ငါကိုယ်တိုင်မြေမြုပ်လို့ တစ်ဖန်ပြန်အသက်သွင်းဖို့ မကြိုးစားတော့ပါဘူး... စိတ်ကူးနဲ့လက်တွေ့ ဝေးကွားလွန်းလှတဲ့ ငါ့ကမ္ဘာထဲ လောကဓံရယ်... အတိတ်တွေကိုအံတု အနာဂတ်ဆိုတဲ့အရာကိုစိန်ခေါ်ရဲတဲ့ လက်ရှိပစ္စုပန်ကိုသာ တစ်ခုတည်းသော အဖော်မွန်ကောင်းအဖြစ် ထာဝရနှင်းအပ်ပေးပါ... ချမ်းချမ်း
Read More...
Collapse...
နွေဦးချိန်ခါ တစ်ကြော့ပြန်ကာ ရောက်လာလေတော့ ရွက်ဟောင်းကြွေလို့ ရွက်သစ်ဝေဆာ ဤတန်ခူးသည်သာ မြန်မာတို့၏ချစ်စရာ့အချိန်အခါ...။ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကြိုဆို ဦးဦးကိုကို ဒေါ်ဒေါ်မမ ကလေးပါမကျန် အကုန်ပျော်ကြ ဤသင်္ကြန်ကား မြန်မာတို့၏ အနှိုင်းမဲ့အလှ...။ ၀မ်းသာပီတိ ဂွမ်းဆီထိနှယ် ရဲရဲဝင့်ဝင့် ပွင့်လာကုန်သည့် ရွှေဝါရောင်သန်း ဤပိတောက်ပန်းလဲ ငါတို့နှင့်အတူ ပါဝင်ဆင်နွှဲ ဤအတာပွဲ...။ ဤတန်ခူး ဤပိတောက် ဤအတာရယ် သုံးရောင်စီခြယ် လှနိုင်ပါပေ့ လှပါပေ့ မြန်မာတို့၏ဓလေ့...။ ညစ်ထေးဤစိတ် အတာရေဖြင့် ဆေးကြောစင်ကြယ် သတ္တ၀ါအများ ကိုယ်စိတ်နှစ်ပါး ချမ်းသာစွာဖြင့် မင်္ဂလာအပေါင်းခညောင်းစေသော နှစ်သစ်ကိုသာပိုင်ဆိုင်စေကြောင်း ဤနေရာမှဆုမွန်ကောင်း တောင်းဆုခြွေပါ၏...။ မှတ်ချက်။ ။ သထုံအရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ) ဆရာတော်၏ မြစိမ်းကျောင်းတိုက်၌ သင်္ကြန်တွင်းတရားစခန်းဝင်စဉ် ရေးခဲ့သောကဗျာလေးဖြစ်ပါသည်။
Read More...
Collapse...
မိုးလင်းပြီဆို အလုပ်သွားပြီ ဒါကလည်း လူကြားကောင်းရုံပါ။ အလုပ်မှာက အင်တနက်ရတယ်လေ၊ အဲဒီတော့ ချမ်းချမ်းတို့စိတ်ကြိုက်ပေါ့၊ စိတ်ကြိုက်ဆိုလို့ အင်တာနက်ပေါ်မှာ စာအုပ်တွေ ဖက်၊ လေ့လာစရာရှိတာတွေ ကိုယ်တိုင်လေ့လာ နေတယ်လို့ မထင်ပါနဲ့။ GTalk လေးဝင်လိုက်၊ blog လေးလုပ် လိုက်နဲ့လေ။ အဲ အတန်းတက်ချိန်ရောက်ရင် တော့ အပြေးအလွှား အတန်းသွားတက်တာပေါ့၊ ဒါလဲ အထင်ကြီး စရာ မရှိပါဘူး။ ဆရာသင်သမျှ လိုက်မှတ်၊ ဆရာမေးရင် သိသလိုလို မသိသလိုလိုနဲ့ လျှောက်ဖြေလိုက်၊ အတန်း ပြီးရင်ရော အရေးပါတာဘာလုပ်လဲလို့မေးကြည့်၊ ကျွန်မချမ်းချမ်း သူငယ်ချင်းတွေနဲ့ လက်ဘက်ရည်ဆိုင် ထိုင်ပါ တယ်။ အဲဒီလိုပါပဲ ကျွန်မအလေလိုက်ပြီး ကလေကချေ လုပ်နေတာ၊ အရေးမပါတဲ့ဟာတွေကို အရာပေးပါများနေ ပြီ။ စိတ်ရှုပ်တာပါလို့ ခေါင်းစဉ်တပ်ပြီး လုပ်ချင်တာတွေကို ဆင်ခြေတရားကင်းမဲ့စွာ လုပ်နေတဲ့ရက်တွေလည်း မနည်းတော့ဘူး။ စိတ်ရှုပ်လို့ လုပ်ချင်ရာ လုပ်နေတယ်။ လုပ်လိုက်လို့ ပိုစိတ်ရှုပ်ရ တယ်။ အဲဒါနဲ့ပဲ ဒီသံသရာထဲ ကျွန်မလည်နေတယ်။ 70-300 ဖြေရမယ်။ BCIS စာမေးပွဲက ဇွန်၁ရက်နေ့ အဲဒီအတွက်စာတွေလဲမရသေးဘူး၊ ကျွန်မအခုတစ်လော အလေတော်တော်လိုက်နေပါတယ်။ လုပ်လက်စ Project ကလည်း မပြီးဆုံးနိုင်သေးဘူး။ ဒီကြားထဲ ဒီဇင်ဘာမှာ တင်ရမယ့် Project အတွက် Proposal တင်ရတော့မယ်။ ဟင်ကြည့်စမ်း ဒီလောက်များတဲ့ အလုပ်တွေ ရှိနေတာ တောင် အလေလိုက်ဖို့ အချိန်တွေ ကျွန်မမှာတော်တော်ပေါနေတယ်။ သေချာတယ်၊ ဒီအတိုင်းသာဆက်သွားရင် Doggy ဖြစ်တော့မယ်။ ဒါတောင် ကိုယ့်အသိစိတ်နဲ့ကိုယ် သုံးသပ် မိတယ် မထင်ပါနဲ့။ BCIS က သူငယ်ချင်းက ဖုန်းလှန်းဆက်ပြီး၊ ချမ်းချမ်းရေ Proposal ကဘယ်လို၊ စာမေးပွဲက ဘယ်တော့ဆိုပြီး ပြောခါမှ ကျွန်မ အပေအတေ ဖြစ်နေမှန်း သုံးသပ်မိတာပါ။ အဲဒါကြောင့် ကျွန်မတောင်းပန်ချင်တာ Post အသစ်တွေ ခဏ ခဏ တင်နိုင်တော့မယ် မထင်ပါဘူး။ လာလည် ကြတဲ့ သူငယ်ချင်းတွေကို ဂရုမစိုက်သလို ဖြစ်သွားရင် တောင်းပန်ပါတယ်။ Blog ရိုးကိုးပေါက်လည်း သွားနိုင် တော့မယ် မထင်ပါဘူး။ ဇွန်စာမေးပွဲ ပြီးသွားရင်တော့ ကျွန်မ blog ကိုပြန်ဂရုစိုက်မှာမို့ လစ်ဟင်းသွားခဲ့တာလေး များ ရှိရင်တောင်းပန်ပါတယ် လို့.... chanchan <3
Read More...
Collapse...
မျက်လုံးတွေဖျက်ခနဲပွင့်လာတယ်။ အိမ်မက်ကြောင့် လန့်နိုးလာတာလားလို့ ကိုယ့်ဘာသာကို ပြန်မေး ကြည့်တယ်။ ဘာတွေမက်လိုက်မှန်းတောင်မသိလိုက်ပါဘူး။ ဒါပေမယ့် ကိုယ့်ရင်ခုန်သံ ကိုပြန်ကြားနေရတုန်းပဲ.နာရီ၁ချက်ထိုးသံကြား လိုက်ရတယ်။ ကြားနေကျ ဆိုပေမယ့် ဒီညအတွက်တော့ အရမ်း ခြောက်ခြား နေသလိုပဲ။ ၁၊ ၂၊ ၃၊ ၄ ရေတွက်ရင်း အိပ်လို့ရအောင် ကြိုးစားလိုက်တယ်။ သွားပြီပြန်အိပ်လို့ မရ တော့ဘူး။ ညနေစာလည်း မစားထားတော့ ဗိုက်ထဲမှာဟာနေသလိုပဲ။ စားချင်စိတ်ကတော့ မရှိဘူး။ ရေတစ်ခွက် ထသောက် လိုက်တယ်။ မျက်လုံးတွေအိမ်အပြင်ဘက် လသာဆောင်ကို ရောက်သွားတယ်။ ကြည့်စမ်းလသာနေ တာပဲ။ ငယ်ငယ်လေးကတည်းက လသာတာကို ကျွန်မအရမ်း နှစ်သက်မိတယ်။ လမင်းကြီးရဲ့အလင်းရောင် ကြောင့် ညဘက်မှာ မြင်နေရတဲ့ အရာတွေကို ကြည့်ရတာ။ ကျွန်မစိတ်ထဲ ဘာကိုကြည်နူးမှန်းမသိ ကြည်နူးမိ တယ်။ လသာရင်ကြည်နူးတက်တဲ့ စိတ်တွေကြောင့် ကျွန်မ ခြေလှမ်းတွေ လသာဆောင်ဘက်ဦးတည်သွားတယ်။ လန့်နိုးလာ ကတည်းက ဘာကိုကြောက်မှန်းမသိကျွန်မကြောက်လန့်နေတာ ခု ချိန်ထိပဲ။ လှန်းထားတဲ့ အ၀တ်တွေကိုကြည့်လိုက်တော့လည်း တစ်စုံတစ်ယောက်က လက်ယက်လှန်းခေါ် နေသ လိုပဲ။ အဆင်မပြေ ခြင်းတွေနဲ့ ပြည့်နှက်နေတဲ့ ကိစ္စပေါင်းများစွာ ကျွန်မအတွေးထဲ ရောက်လာတဲ့အခါ ကျွန်မ ခေါင်းတွေ အရမ်းရှုပ်လာတယ်။ အဲလောက်ထိ စိတ်ရှုပ်မှုကို ကျွန်မခံနိုင်ရေ မရှိတော့ဘူး။ ကျွန်မလုပ်သမျှ အရာ အားလုံးဟာ အလွှဲလွှဲအချော်ချော် ဖြစ်နေခဲ့တယ်။ ရှုပ်နေတဲ့ စိတ်တွေကိုသေချာရှင်းအောင် ပြန်သုံးသပ် ကြည့် လိုက်တော့၊အော်..ငါဟာငါ့အိပ်မက်တွေကို သစ္စာဖောက်မိနေပြီဆိုတဲ့အဖြေ ကိုရခဲ့တဲ့။ ဒီအိပ်မက်တွေကြောင့်ပဲ ကျွန်မရှင်သန်နေပြီးခုလည်းကျွန်မကိုယ်တိုင် ဒီအိပ်မက်တွေကို သတ်မိနေပြီ။ ဟင့်အင်းကျွန်မအတွက် ကျွန်မ အိပ်မက်တွေကသာ အရေးကြီးဆုံးပါ။ ဘာမှသုံးစားလို့မရတဲ့ ဒီနှလုံးသား တစ်စုံကြောင့် ကျွန်မအိပ်မက်တွေကို ကျွန်မသစ္စာ မဖောက်ချင်ဘူး။ ဒါဆို သူ့ကိုရော ကျွန်မဆုံးရှုံးခံနိုင်ရဲ့လား။ ဟင့်အင်း ကျွန်မဆုံးရှုံးနိုင်မှာမဟုတ်ဘူး။ ဟင် ဒါဆိုကျွန်မအိပ်မက်တွေကိုရော။ ဟာဘာတွေလည်းသူနဲ့အိပ်မက် အိပ်မက်နဲ့သူ။ ကျွန်မစိတ်ရှုပ်လာပြီ။ သေချာတာကတော့ ကျွန်မအတ္တတွေကြောင့် သူနဲ့ကျွန်မ ဝေးရတော့မယ်။ ကျွန်မလိုအပ်တဲ့အချိန်တိုင်း ကျွန်မဘေးမှာ သူငယ်ချင်းတစ်ယောက်လို မားမားမတ်မတ်ရပ်တည်ခဲ့တဲ့သူ။ ကျွန်မ အထီးကျန်ချိန်တိုင်း ကျွန်မအတွက်အမြဲတမ်း ရှိနေခဲ့တဲ့သူ။ ကျွန်မ ကသာသူလိုအပ်ချိန်တွေမှာတောင် သူ့အနား ရှိမနေခဲ့တဲ့သူ။ ဂရုစိုက်မှုဆိုတာ သူသာကျွန်မ ကိုပေးခဲ့တဲ့အရာဖြစ်ပြီး။ ကျွန်မဘက်က လုံးဝမပေးနိုင် ခဲ့တဲ့အရာ ပါ။ ခုလည်း ကျွန်မအတ္တတွေကို ရှေ့တန်းတင်ပြီး သူနဲ့ဝေးရဖို့ကို ကြံစည် နေပြန်ပြီ။ နာရီကိုကြည့်လိုက်တော့ ၄နာရီ ထိုးခံနီးနေပြီ။ မနက်အလုပ်သွားရဦးမယ်လေ။ နေ့သစ်တစ်ခုကို ဇြတ်သန်းနိုင်ဖို့ ကျွန်မအိပ်စက်အနား ယူရတော့မယ်။ အိပ်ရေးပျက်တာ၊ စိတ်တွေရှုပ်တာတာပဲ အဖတ်တင်သွားတယ်။ တိကျတဲ့ ဆုံးဖြတ်ချက် တစ်ခုမချမှတ်နိုင်ခဲ့ဘူး။ ခုလည်းမနက်အလုပ်ရှိလို့အိပ်ရတော့မယ်။ သူ့အကြောင်း စဉ်းစားရင် တောင် အချိန်တွေကန့်သတ်ထားသလို ကြာကြာတောင် စဉ်းစားပိုင်ခွင့် မရှိတဲ့ ကျွန်မ။ မျက်စိတွေမှိတ်လိုက် တော့တယ်။ အိပ်လို့မရလည်းအိပ်ရတော့မှာပဲ။ သူ့မျက်လုံးတွေကို မြင်လာတယ်။ ကျွန်မအတ္တတွေကြောင့် ကျွန်မဆုံးဖြတ် ချက်ချမိရင် သူနဲ့ကျွန်မဝေးရတော့မယ်။ သူနဲ့မဝေးနိုင်ရင်လည်း ကျွန်မအိပ်မက်တွေကို ကျွန်မ သတ်မိသလို ဖြစ်တော့မယ်။ တိကျတဲ့ အဖြေတစ်ခုရမှာလည်း မဟုတ်တော့ အိပ်လိုက်ပါတော့မယ်။ မနက်ဖြန် ထုံးစံအတိုင်း ချစ်လားလို့သူမေးလာရင်လည်း မချစ်ဘူးလို့လည်း မငြင်းရက် ချစ်တယ်လို့လည်း ၀င်မခံ ရဲတော့ ထုံးစံအတိုင်း ကျွန်မဘက်ကလည်း ပြန်ဖြေရတော့မယ် ‘‘လဲသေလိုက်’’ လို့...... ချမ်းချမ်း
Read More...
Collapse...
ဒါပေမယ့် ကျွန်မစိတ်ထဲမှာ အကြီးအကျယ် စိတ်မချမ်းမသာ ဖြစ်နေရတာဟာ ကိုယ်ဝန်ဖျက်ချနေကြတဲ့ ပြဿနာပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ ခုလို ပဋိသန္ဓေ တားဆီးနေကြတာဟာ စစ်ပွဲတစ်ခုကိုတိုက်ရိုက်ဆင်နွှဲပြီး မိခင် တွေကိုယ်တိုင်က ကိုယ့်သားသမီးငယ်တွေကို တိုက်ရိုက်သတ်ဖြတ် အသေသတ်နေကြလို့ပါပဲ။ မိခင်တစ်ယောက်ဟာ မိမိရဲ့ရင်သွေးငယ်ကို ကြုံတောင့်ကြုံခဲ မေ့ပျောက်နိုင်ကြပေမယ့် ကျွန်မကတော့ အဲဒီမိခင်ကို မေ့ပျာက် လို့ မရပါဘူး။.... ဒါကြောင့်ဒီနေ့ ဒီအချိန်မှာ မေတ္တာတရားကို အကြီးမားဆုံးနဲ့ ကြောက်စရာကောင်းဆုံး ဖျက်ဆီးနေတာဟာ ပဋိသန္ဓေတားဆီးရေးဆိုတဲ့ ကိုယ်ဝန်ဖျက်ချရေးပါပဲ။ အခု ဒီမှာကြွရောက်လာကြတဲ့ သူတွေအားလုံးဟာ ကျွန်မတို့  မိဘများရဲ့ လိုလားချစ်ခင်တဲ့ မေတ္တာတရားကြောင့် ဒီကိုရောက်ရှိလာနိုင်ခြင်း ဖြစ်ပါတယ်။ အကယ်၍သာ ကျွန်မတို့ရဲ့ မိဘတွေက မေတ္တာမထား၊ မလိုလားကြဘူးဆိုရင် ကျွန်မတို့ဟာ ဒီနေရာကို ရောက်လာဖို့ မဖြစ်နိုင်ပါဘူး။ ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ ရင်သွေးကလေးငယ်များကို မြတ်နိုးကြပါတယ်၊ ချစ်ခင်ကြပါတယ်။ အိန္ဒိယ၊ အာဖရိက စတဲ့ နိုင်ငံတွေက မြောက်မြားလှတဲ့ ကလေးငယ်တွေဟာ အာဟာရမပြည့်ဝမှု၊ ငတ်မွတ်ခေါင်းပါးမှုစတဲ့ဒဏ် တွေကြောင့် သေဆုံးနေကြပါတယ်။ ဒါပေမယ့် အဲဒီထဲမှာ သန်းပေါင်းများစွာသော ကလေးငယ်များဟာ သူတို့မိခင်များရဲ့ မလိုလားမှု၊ မေတ္တာတရား ခေါင်းပါးမှုများကြောင့် သေဆုံးကြရတယ်။ ဒါကြောင့် ဒီနေ့ပဋိသန္ဓေ တားဆီးရေးဟာ ငြိမ်းချမ်းရေးကို အကြီးကျယ်ဆုံး ဖျက်ဆီးနေသူ ဖြစ်နေပါပြီ။ ဘာ့ကြောင့်လဲ ဆိုတော့ မိခင်တစ်ယောက်ဟာ သူမရဲ့ ရင်သွေးငယ်ကို ဖျက်ဆီးသတ်ဖြတ် နိုင်ခွင့် ရှိနေခဲ့ရင် ဘာများကျန်ဦးတော့မှာလဲ။ ကျွန်မဟာ သင့်ကို သတ်ပစ်နိုင်ခွင့် ရှိသလို သင်ဟာလည်း ကျွန်မကို သတ်ပစ်နိုင်ခွင့် ရှိနေပါပြီ။ ဒီကြားထဲမှာ တခြားအကြောင်းပြစရာ ဘာမှ မကျန်တော့ပါဘူး။
Read More...
Collapse...
She doesn't love him She's playing a part She's telling you what you want to hear But she will break your heart She's not the person she wants to be She knows she's making a mistake She might look happy But every smile she fakes She doesn't want to hurt you But she's got too much to lose She's got nowhere to go She's alone, she's confused She's running from something Something she can't explain So she keeps on pretending She keeps playing her game But at some point she will tell you At some point she'll go And while I know she hurt you She hurt herself too, more than you'll ever know.
Read More...
Collapse...
မာသာထရီဆာ၏မိန့်ခွန်း (၁) မှ အဆက်... လူတစ်ယောက်ဟာ ကျွန်မတို့ရဲ့မေတ္တာအတွက် ငတ်မွတ်ခေါင်းပါး နေတယ်ဆိုရင် ဒီငတ်မွတ်ခေါင်းပါးမှုဟာ ကျွန်မတို့ရဲ့ ဆင်းရဲသား တွေအတွက်လည်း ဖြစ်ရပါမယ်။ ကျွန်မတို့ဟာဒီလို ငတ်မွတ်ခေါင်းပါးမှုကို တွေ့အောင်ရှာကြဖို့ လိုပါတယ်။ တကယ်တော့ဒီငတ်မွတ် ခေါင်းပါးမှုဟာ ကျွန်မတို့ရဲ့ အိမ်ဂေဟာအတွင်းမှာလည်း ရှိနေပါလိမ့်မယ်။ ကျွန်မဟာအခွင့်အရေး တစ်ခုကိုဘယ်တော့မှ လက်လွတ်မခံပါဘူး။ တစ်ခါကကျွန်မ အိမ်တစ်အိမ်ကို အလည်အပတ်ရောက်ရှိသွားခဲ့ ပါတယ်။ အဲဒီအိမ်မှာ သက်ကြီး ရွယ်အိုမိဘများနဲ့ သားသမီးတွေ အစုံအညီရှိကြပါတယ်။ ဒါပေမဲ့သူတို့အားလုံးဟာအမှုမဲ့အမှတ်မဲ့သာ နေထိုင်ကြတယ်။ အဲဒီကို ကျွန်မရောက်သွားတဲ့အခါမျာသူတို့ အိမ်မှာ အစစအရာရာ ပြည့်စုံနေတာ တွေ့ရပါတယ်။ အဲဒီ အရာဝတ္ထုတွေဟာ အင်မတန်လှပကြပါတယ်။ ဒါပေမဲ့ သူတို့အားလုံးဟာ တံခါ်းဝကို စောင့်ကြည့်နေကြပါ တယ်။ သူတို့အားလုံးရဲ့မျက်နျာတွေဟာ ပြုံးမနေကြပါဘူး။ ဒါနဲ့ကျွန်မကအတူပါလာတဲ့ သီလရှင်ကလေးကိုမေး လိုက်မိတယ်။ ဒါဟာဘယ်လိုကြောင့်လဲလို မေးမိတာပါ။ အစစအရာရာ ပြည့်စုံကြွယ်ဝနေကြတဲ့ ဒီအိမ်ကအိမ်သူအိမ်သားတွေဟာ ဘာ့ကြောင့်တံခါးဝကို ကြည့်နေကြတာလဲ၊ သူတို့မျက်နျာတွေဟာဘာ့ကြောင့် ပြုံးမနေကြတာလဲလို့ ကျွန်မက မေးကြည့်မိပါတယ်။ ကျွန်မဟာ လူတွေရဲ့ပြုံးနေတဲ့ မျက်နှာတွေကို မကြာခဏမြင်ဖူး တွေ့ဖူးပါတယ်။ သေလုမြောပါးဖြစ်နေတဲ့ လူတစ်ယောက်ရဲ့ပြုံးနေတဲ့ မျက်နှာကိုတောင် မြင်တွေ့ခဲ့ ရဖူးပါတယ်။ ကျွန်မကဒီလိုပြောပြီး မေးလိုက်တော့အတူပါလာတဲ့ သီလရှင်ကလေးက ‘‘ ဒီလိုဖြစ်နေ တာဟာ နေ့တိုင်းလိုပါပဲ၊ သူတို့စိတ်ထဲမှာသူတို့ရဲ့ သားသမီးတစ်ယောက်ယောက်ဟာ ဒီအိမ်ကိုအလည်ရောက်လာလိမ့်မယ်လို့ ထင်နေ တယ်။ သူတို့ဟာ အဲဒီ သားသမီးတွေကို မေ့လျော့နေကြတဲ့ အတွက်သူတို့တစ်တွေ လာရောက်လည်ပတ်ကြမယ်ဆိုတာကိုစိတ်မချမ်း မသာဖြစ်နေကြပါတယ် ’’ လို့ သီလရှင်ကလေးကပြန်ပြောပါတယ်။ အဲဒါကိုစဉ်းစားကြည့်ကြပါ။ မေတ္တာတရားဟာဒီလိုစိတ်ထားမျိုး အပေါ်မှာ တည်ပါတယ်။ အဲဒီအချိန်မှာဆင်းရဲနွမ်းပါးမှုဟာ ကျွန်မတို့အိမ်ကို ရောက်လာတတ်ပါတယ်။ အဲဒီအချိန်မှာမေတ္တာတရားဟာ ခန်းခြောက် ကွယ်ပျောက်သွားတတ်ပါတယ်။ ကျွန်မတို့ အိမ်သူအိမ်သားတွေထဲမှာ ဒီလို အိမ်သားမျိုးရှိနေတတ်ပါတယ်။ သူဟာအထီး ကျန်ဆန်နေပြီး မကျန်းမမာ ဖြစ်နေတတ်ပါ တယ်။ သူဟာ စိုးရိမ်ပူပန်နေတတ်ပြီး ဒီအဖြစ်မျိုးဟာ လူတိုင်းအတွက် နေ့စဉ်နဲ့အမျှ ကြုံတွေ့နေပါတယ်။ အနောက်နိုင်ငံတွေမှာ ခုခေတ်လူငယ်အတော်များများဟာ မူယစ်ဆေးဝါးသုံးစွဲနေကြတယ်ဆိုတာ သိရလို့ကျွန်မတအံ့တသြဖြစ်မိပါ တယ်။ ဘာ့ကြောင့် ဒီလိုဖြစ်ရသလဲလို့ ကျွန်မ တွေးကြည့်မိပါတယ်။ ဒီလို ဖြစ်ရတာ ဘာ့ကြောင့်လဲ။ ကျွန်မတွေ့ရတဲ့အဖြေကတော့ ‘‘ သူတို့မိသားစုတွေကသူတို့ကိုလက်မခံကြလို့ ’’ ပါပဲ။ အဖေ နဲ့အမေတွေမှာ အလုပ်တွေများလွန်းပြီး သူတို့ကို ဂရုစိုက်ဖို့အချိန် မရကြပါဘူး။ ငယ်ရွယ်တဲ့ မိဘနှစ်ပါး ဖြစ်သူတွေဟာဒုက္ခပင်လယ်ဝေအောင် မအားမလပ်ကြလို့ သူတို့ကလေးတွေဟာ လမ်းတွေပေါ် ရောက်ပြီး မဖြစ်သင့်တာတွေဖြစ်ကုန်ကြတာပါပဲ။ ကျွန်မတို့ဟာ အခု မေတ္တာပွားများကြဖို့ ပြောနေကြတာ ဖြစ်ပါတယ်။ အခု ကျွန်မ ပြောခဲ့တဲ့ ဖြစ်ရပ်တွေဟာ မေတ္တာတရားကိုပျက်ပြားစေတဲ့ အကြောင်းတရားတွေပါပဲ။ ဆက်ရန်ရှိသည်.....
Read More...
Collapse...
၁၉၇၉ခု ဒီဇင်ဘာ ၁၀ရက်နေ့ နော်ဝေးနိုင်ငံအော့စလိုမြို့၌ ကျင်းပခဲ့သည့်ငြိမ်းချမ်းရေးဆုချီးမြှင့်သည့် အခန်းအနားတွင်ဆုချီးမြှင့်ခြင်း ခံရသူ မာသာထရီဆာကိုယ်တိုင် ပရိသတ်အား ပြောကြားခဲ့သည့်မိန့်ခွန်းဖြစ်သည်။ မာသာထရီဆာ၏မိန့်ခွန်းမှာ အလွန်ရှည်လျားသောကြောင့် ခရစ်ယာန်ဘာသာရေးနှင့်ပက်သက်သောတစ်ချို့ အကြောင်း အရာ များကို ကျွန်မချန်လှပ်ထားခဲ့ပါသည်။ ဒီနေ့ဒီနေရာမှာ ကျွန်မတို့တစ်တွေ အခုလိုစုရုံးရောက်ရှိလာခွင့် ရှိခဲ့ကြတာဟာ ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်ပါပဲ။ ဘာကြောင့်လဲ ဆိုတော့အခု ချီးမြှင့်တဲ့ ငြိမ်းချမ်းရေး ဆုလက်ဆောင်ဟာကျွန်မတို့အတွက် ငြိမ်းချမ်းစွာအတူနေထိုင်ကြဖို့ ဖန်တီးပေးခဲ့တယ်ဆိုတာပြန်ပြောင်းသတိပေးလိုက်တဲ့ အတွက်ပါပဲ၊ ပြီးတော့ယေရှုသခင်ဟာ ဆင်းရဲသူ ဆင်းရဲသားများအတွက် ဒီကောင်းမြတ်တဲ့သတင်းကို ဆောင်ယူလာတဲ့ လူပုဂ္ဂိုလ် ဖြစ်နေလို့ပါပဲ။ စင်စစ်အားဖြင့် ဘုရားသခင်ဖြစ်တော် မူပေမယ့်မကောင်းမှု ဒုစရိုက်များနဲ့ ကင်းဝေးတာက လွဲလို့ ကျွန်မတို့နဲ့ထပ်တူထပ်မျှ လူသားတစ်ဦးဖြစ်ပါတယ်။ သူဟာကောင်းမြတ်တဲ့ မင်္ဂလာသတင်းများကိုကျွန်မတို့အတွက်ဆောင်ကြဉ်းလာ တယ်ဆိုတာ အလွန်တရာ ရှင်းလင်းစွာဖွင့်ဟမိန့်ကြားခဲ့ပြီးဖြစ်ပါတယ်။ ဒီသတင်းဟာ စိတ်ရင်းသဘောထား ကောင်းမွန်သူများ အားလုံးအတွက် နှလုံးစိတ်ဝမ်းချမ်းမြေ့စေပြီး ငြိမ်းချမ်းတဲ့နှလုံးသားကို ပေးဆောင်ခဲ့ပါတယ်။ ဘုရားသခင်ဟာကမ္ဘာ လောကကြီးကို ချစ်မြတ်နိုးလှတဲ့အတွက် သူ့ရဲ့သားတော်ကိုပင် ပေးအပ်ခဲ့ပါတယ်။ ရှင်တော်ဘုရားဟာကျွန်မတို့အားလုံးကို တစ်ယောက်မကျန် မေတ္တာပွားခဲ့သလို ကျွန်မ တို့ အချင်းချင်းလဲအပြန်အလှန် မေတ္တာ ထားကြဖို့ဟောကြားခဲ့ပါတယ်။ "ကျွန်တော်ဟာ ဘုရားသခင်းကို မေတ္တာထားပါတယ်။ ဒါပေမယ့် အိမ်နီးနားချင်းကိုတော့ မေတ္တာမထားနိုင်ပါဘူး" လို့ ပြောကြားရုံနဲ့ ကျွန်မတို့ဟာမလုံလောက်မပြည့်စုံ ပါ ဘူး။ တစ်ခါက သူတော်စင်စိန့်လွန် မိန့်ကြားခဲ့သလို သင်ဟာဘုရားသခင်ကို မေတ္တာထားနိုင်ပြီးအိမ်နီးနားချင်းကိုတော့ မေတ္တာမထားနိုင်ဘူး လို့ပြောလာခဲ့ရင်သင်ဟာ လူလိမ်လူညာတစ်ယောက်သာ ဖြစ်နေပါလိမ့်မယ်။ သင်ကိုယ်တိုင် မမြင်ရတဲ့ ဘုရားသခင်ကိုတော့ မေတ္တာထားနိုင်ပြီး သင်ကိုယ်တိုင် မြင်ရ၊ သင်ကိုယ်တိုင် ဆက်ဆံထိ တွေ့နေရတဲ့ အိမ်နီးနားချင်းကို ဘာကြောင့် မေတ္တာမထားနိုင်ရတာလဲ။ ဆက်ရန်ရှိသည်...
Read More...
Collapse...
လှိုင်သာယာ စက်မှုဇုံ အမှတ် (၄) အနီးရှိ ရေအုတ်ကန်ရွာတွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ အိမ်ခြေ ၂ဝဝ ကျော် ပျက်စီးပြီး လူဦးရေ ၃ ထောင်ခန့် အိုးအိမ်မဲ့ ဖြစ်သွားခဲ့ပါသည်။ထို့သို့သောဒုက္ခရောက်နေသူများကိုကျွန်မတို့ တက်နိုင်သည့်ဘက်မှကူညီနိုင်ရန်စီစဉ်ထားပါသည်။ ၂ရက်၃လ၂၀၀၈ခုနှစ်လာမည့်တနင်္ဂနွေနေ့ညနေ၃နာရီအချိန်မှစပြီးဒုက္ခသည်များအားထမင်းထုပ်၊အင်္ကျီ၊အလှူငွေအစရှိသည့်အရာများ လှူဒန်းသွားမည်ဖြစ်ပါသဖြင့်လှူဒန်းချင်လိုသောဆန္ဒရှိသူများအောက်ပါဖုန်းနံပါတ်များအားဆက်သွယ်နိုင်ပါသည်.. လင်းကို-၀၉၅၁၃၃၂၆၉ မဇာ-၀၉၂၂၈၅၇၂ ကိုနေလင်းအောင်-၀၉၅၁၆၁၇၁၉ ချမ်းမြေ့-၀၉၅၁၆၂၃၆၅ To the world you might be one person,but to one person you might be the world..............
Read More...
Collapse...
နင်နဲ့ငါ....ကျောင်းတော်ကရန်စလဲမရှိ နင်နဲ့ငါ....အတိတ်ကဇာတ်လမ်းဟောင်းလဲမရှိ နင်နဲ့ငါ....ဘ၀အဆက်ဆက်မပြေနိုင်တဲ့အငြိုးအတေးလဲမရှိ စကားသံတွေနဲ့ခင်တွယ်မှုအသစ်မှာ ယစ်မူးပျှော်ရွှင်မိတာ..နာရီတောင်မသိ အထင်တကြီးမာနသံတွေနဲ့.. ရက်စက်ရှောင်ပုန်းတဲ့ရက် မချိအပြုံးနာကျင်မှုအပြည့် နင့်ကိုမေ့ဘို့စိတ်ကူးဖူးတယ်.. လက်ဝဲသုန္ဒရ ရတုရေးလျှောက် မျက်မာန်ပျောက်စေခဲ့ မမြကလေးလည်းသီကုံးဆိုဖွဲ့ မင်းကနောင်စိတ်ကိုညှို့ယူခဲ့ လှောင်ပြုံးတော့မပြုံးလိုက်ပါနဲ့ ပြောင်းလဲချင်သူအတွက် သေရာပါအရှုံးနဲ့ အယူခံဝင်ကဗျာတစ်ပုဒ် ငါရေးခဲ့မယ်... ငါ့နှလုံးသားရဲ့လွမ်းချင်းမို့ နင်အမျက်တင်ခဲ့ရင် ပြေပါ.... <3 chan chan
Read More...
Collapse...
ာ ရင်းနှီးခဲ့ကြရတာ ပုံပြင်တစ်ပုဒ်မဟုတ်ပေမယ့် ကံဇာတ်ဆရာအလိုကျ ခွဲကြရတာလည်းမဟုတ်ပြန်ဘူး ဖန်တီးလိုက်ရတဲ့ နာကျင်မှု အတိုင်းအဆမဲ့ဝေးကွာမှုတွေက နင့်အလိုကျပျှော်ရွှင်အောင်ပါ... ဂရုတစိုက်စေတနာတွေနဲ့ တွယ်မိတဲ့သံယောဇဉ်ကို ဘာသာပြန်လွှဲလို့ နင်မာန်တက်နေပေမယ့် ဖြေရှင်းချက်မဲ့စွာ နှုတ်စိတ်ခဲ့တာ နင့်စိတ်အလိုကျပျှော်ရွှင်အောင်ပါ... ခိုင်မြဲအောင်ချည်နှောင်ပြီးမှ အဝေးဆုံးကို ပစ်လွှတ်လိုက်တဲ့ ကြိုးကွင်းတစ်ခုရဲ့နောက်ကွယ်မှာ နာကျင်စွာပြုံးနေခဲ့တာ နင့်စိတ်အလိုကျပျှော်ရွှင်အောင်ပါ.... <3 chanchan
Read More...
Collapse...